Skip to main content

တရားမဝင်ကျွန်းသစ်၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၁၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာဒီဇင်ဘာ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆) မိုင် ကျောက်ချောစစ်ဆေး ရေးစခန်း၌ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှစက်သုံးဆီ သယ်ဆောင်ခွင့်မျှောစာ တင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီဒီဇယ်ဆီဂါလန် ၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ သယ်ဆောင်လာသည့် Isuzu Light Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀)ကို လည်းကောင်း၊ မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ ယာဉ်တစ်စီးပေါ်မှ စက်သုံးဆီသယ်ဆောင်ခွင့် မျှောစာ တင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) ဂါလန် ၆၀၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၀၀၀၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့်နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖရဲကျွန်း ကျေးရွာ မိုင်တိုင်အမှတ်(၃၅၈/၄)၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ ၉၆၉ ဂါလန်အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၈၇၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၈၇၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အရေးယူဆောင်ရွက်

ထို့အပြင် ဒီဇင်ဘာ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် UNICO POE Switch ၁၀ ခု၊ Holy Stone Drone (Used) တစ်ခုအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ တောင်ငူခရိုင်၌ တရားမဝင်ကျွန်း သစ် ၃ ဒသမ ၀၂၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၈၅၈၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက် နှင့် ၁၈ ရက်တို့တွင် သိမ်ဆည်းရမိမှုစုစုပေါင်း မှာ အမှုတွဲ ရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၆၈၆၈၅၈၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။

သတင်းစဉ်