ထားဝယ် ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၁၁/၂၀၂၀)လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့နံနက် ၁၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ကိုဗစ်-၁၉ သည် ယခုအခါ မျိုးရိုးဗီဇပြောင်းလဲလာပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြား၌သာမက မြန်မာ နိုင်ငံတွင်လည်း ကူးစက်မှုနှုန်းမြင့်မားလာနေသည်ဟု သိရှိရကြောင်း၊ တစ်ဖက်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ကိုဗစ် -၁၉ ရောဂါသံသယရှိသူများကို Facility Quarantine ထားရှိမှု အချိန်ကြာမြင့်လာသည်နှင့် အမျှအခက်အခဲများစွာရှိလာပြီး ထိုအခက်အခဲများကို စနစ်တကျဖြေရှင်းနိုင်ရန်လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ပြည်တွင်းဝင်ပေါက်ဖြစ်သောမလွှဲတောင် စစ်ဆေးရေးဂိတ်အား စနစ်တကျအလေးထားစိစစ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နယ်စပ်ဂိတ်များမှ ပြန် လည်ဝင်ရောက်လာသူများနှင့် တရားမဝင် ဝင်ရောက်လာသူများကိုလည်း သက်ဆိုင်ရာဌာနများက စနစ်တကျဆောင်ရွက်နိုင်ရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့ ဆောင်ရွက်နိုင်မှသာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအား ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များကို လိုက်နာနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ယခင်ထက်ပို၍ နှိုးဆော်အသိပေးရန် လိုအပ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ကော်မတီဝင်များက တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁၀/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များမှာကြားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ် (ထားဝယ်ခရိုင်ပြန်/ဆက်)