နေပြည်တော် ဩဂုတ် ၂၆
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်နိုင်ရန် တပ်မတော်ဆေးအဖွဲ့များ၊ ဆေးအထောက်အကူပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်ပစ္စည်းများကို ရန်ကုန်လေဆိပ်မှတစ်ဆင့် တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ဒုတိယ အကြိမ် ပို့ဆောင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ပို့ဆောင်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်မှ မေ့ဆေးပါရဂူ တစ်ဦး၊ ဓာတ်ခွဲပါရဂူ တစ်ဦး၊ ဆေးပါရဂူ တစ်ဦး၊ ဆေးမှူး နှစ်ဦး၊ သူနာပြု ၁၀ ဦးတို့နှင့်အတူ Oxygen Plant တစ်လုံး၊ ICU Ventilator(SV-300) တစ်လုံး၊ ICU Bed နှစ်လုံး၊ Suction Machine သုံးလုံး၊ Pluse Oxymeter သုံးလုံး၊ Patient Monitor သုံးလုံး၊ Infusion Pump သုံးလုံး၊ Syringe Pump သုံးလုံး၊ Video Laryngoscope တစ်လုံး၊ Mini-Centrifuge တစ်လုံး၊ Oxygen Cylinder(40L) အလုံး ၂၀ ၊ Oxygen Concentrator(5L) တစ်လုံး၊ BP Cuff သုံးလုံး၊ UV Lump ငါးချောင်း၊ ဆေးနှင့် ဆေးပစ္စည်း ၁၃၄ မျိုးအပြင် စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်ပစ္စည်းများ ပါဝင်ကြောင်း။
ယင်းဆေးပစ္စည်းများတွင် ရခိုင်ပြည်နယ်အတွင်း Oxygen လိုအပ် ချက်ကို အထောက်အကူဖြစ်စေရန် တစ်ရက်လျှင် Oxygen Cylinder ခြောက်လုံး ထုတ်လုပ်ပေးနိုင်သည့် Oxygen Plant စက်တစ်လုံး ပါဝင် ကြောင်း ဖော်ပြထားသည်။
တပ်မတော်မှ ဆေးအဖွဲ့များနှင့် အထောက်အကူပြုဆေးပစ္စည်း များ၊ စားသောက်ဖွယ်ရာများကို စစ်တွေ တပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုလွှဲပြောင်း လက်ခံရ ယူကြသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို ကုသနိုင်ရန်အတွက် စစ်တွေတပ်နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းနှင့် တပ်မတော်ဆေးရုံတို့ တွင် လူနာ ၁၂၀ လက်ခံကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်