နေပြည်တော် အောက်တိုဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်သည် ယနေ့နံနက် ၉ နာရီခွဲတွင် မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီသုံးခုမှ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့်တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ စိစစ်နေမှုနှင့်ပြီးစီးနေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေး၍ သတ်မှတ်ကာလ အတွင်းလုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများက ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေး ပူးပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီသုံးပါတီမှ ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌများနှင့် အမှုဆောင်များအား တွေ့ဆုံ၍ ပါတီဝင်အင်အားစာရင်းများ စိစစ်မှု လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အတွက် လိုအပ်ချက်များမှာကြားသည်။
အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်သိန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီ ၅ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံ၍ (ယာပုံ) မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိစေရေး ဥပဒေနှင့်အညီ စိစစ်မှုအခြေ အနေများ၊ ရွေးကောက်ပွဲဆိုင်ရာများနှင့်စပ်လျဉ်းပြီး ပါတီဝင်အင်အားများ စုဆောင်းမှုမှအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာတည်ဆဲ ဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော် အကျိုးသယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပါတီဝင်အင်အားစာရင်းများအား ပူးပေါင်းအဖွဲ့ဖြင့် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက် ရန် မှာကြားသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ပါတီအလိုက် အင်အားစာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့်အခက် အခဲများကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပါတီဝင်အင်အားစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်
