Skip to main content

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပိုင်ကျုံမြို့အတွင်းရှိကျေးရွာများ ၌ ပုံမှန်ဝင်ငွေမရှိ‌သောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် မသန်စွမ်းသူများအတွက်ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်

ပိုင်ကျုံ  ဩဂုတ်  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးကာလ အတွင်း နိုင်ငံတော်အစိုးရမှ(တတိယအကြိမ်) ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က (တတိယအကြိမ်) ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုတွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၇၀) စု ထောက်ပံ့ငွေ (၅၄၀၀၀၀၀) ကျပ်နှင့် မသန်စွမ်းသူ (၄) ဦးအတွက် ထောက်ပံ့ငွေ (၁၂၀၀၀၀) ကျပ်၊ ကစိုကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၆၃) စုအတွက် ထောက်ပံ့ငွေ (၁၂၆၀၀၀၀) ကျပ်နှင့် မသန်စွမ်းသူ (၂၄) ဦးအတွက် (၇၂၀၀၀၀) ကျပ်နှင့် နောင်ခလုံးကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၂၂) စုအတွက် ထောက်ပံ့ငွေ (၄၄၀၀၀၀) ကျပ်နှင့် မသန်စွမ်းသူ (၅) ဦးအတွက် (၁၅၀၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်လွှတ်တော်ညွန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦး၊ လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးမှူး ဦးစိုင်းရန်နောင်၊ ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများကို ပြည်သူများ၏လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)