နေပြည်တော် ဇူလိုင် ၂၈
မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရေး စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ဆက်လက်ကျင်းပသည်။
ယနေ့တွင် ဖိုရမ်ပထမနေ့တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပညာရှင်များက ပြန်လည် ဆွေးနွေးကြပြီး ဒစ်ဂျစ်တယ်စီးပွား ရေးစနစ်ပြောင်းလဲရန် နည်းပညာလိုအပ်မှု၊ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ နိုင်ငံများတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ပြောင်းလဲရန် အဆင်သင့်ရှိရမည့်အချက်များ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ပညာရှင်များက MSME များ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးရာတွင် သင်ခန်း စာယူရမည့် အချက်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ အုပ်စုများ ဖွဲ့စည်း၍ ဒစ်ဂျစ်တယ်ဆန်းသစ်ခြင်းနှင့် ပြောင်းလဲခြင်းများ အတွက် မဲခေါင်-လန်ချန်းဒေသတွင်းရှိ MSME များ၏ ကောင်းမွန်သည့် အလေ့အကျင့်များ၊ MSME များ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် မြှင့်တင်နိုင်ရန် အလိုအပ်ဆုံးသော ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန်တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ ဒစ်ဂျစ်တယ်စီးပွား ရေးစနစ် ပြောင်းလဲမှုအစီအမံများရေးဆွဲခြင်းနှင့် ဖိုရမ်မှထွက်ရှိ လာသည့်ရလဒ်များကို ပြန်လည်ဆွေးနွေးသုံးသပ်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ဖိုရမ်ပိတ်ပွဲ အခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယမန်နေ့ နံနက်ပိုင်းကလည်း မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ပထမနေ့ကိုကျင်းပခဲ့ပြီး ပြည်တွင်း ပညာရှင်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်များက E-Business ပုံစံများနှင့် သဘောတရားများ၊ MSME များ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲမှုအလေ့အကျင့်များ၊ ဒစ်ဂျစ်တယ် စီးပွားရေးစနစ် မဟာဗျူဟာနှင့် စီမံခန့်ခွဲမှုတို့ကို ဆွေးနွေးကြပြီး အစုအဖွဲ့များဖွဲ့စည်း၍ MSME များ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲရေး အစီအမံရေးဆွဲခြင်းများ ဆောင်ရွက်ကြပြီး MSME များ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲရေး အစီအမံရေးဆွဲခြင်းများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးသည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရေးစွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်ရေးဖိုရမ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး အသိပညာများ မျှဝေပေးခဲ့သည့် ပညာရှင်များ၊ တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်