နေပြည်တော်၊ ဇူလိုင် ၂၇
၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင်ခန်းမ၌ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ် (ရေ) ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဘောလီဘောပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း (၁၃) သင်းဖြင့် ဇူလိုင်လ ၁၈ ရက်မှ ယနေ့ အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။