Skip to main content

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် Certificate in Entrepreneurship and Business Management (Batch III) ဖွင့်လှစ်မည်

သန်လျင် ဇူလိုင် ၁၇

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများကို သိရှိစေရန်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာအသိမှတ်ပြုလက်မှတ်သင်တန်း Certificate in Entrepreneurship and Business Management (Batch I) ကို ၁၂-၅-၂၀၂၂ ရက်မှ ၁၂-၈-၂၀၂၂ ရက်အထိလည်းကောင်း၊ (Batch II) ကို ၁၅-၂-၂၀၂၃ ရက်မှ ၁၅-၅-၂၀၂၃ ရက်အထိလည်းကောင်း Free Online Certificate Course အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယခုဆက်လက်၍ Certificate in Entrepreneurship and Business Management (Batch III) ကို Free Online Certificate Course အဖြစ် ၅-၈-၂၀၂၃ ရက်မှ ၂၂-၁၀-၂၀၂၃ ရက်အထိ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပါ၍ သင်တန်းတက်ရောက်လိုသူများအနေဖြင့် https://forms.gle/xWXHcaHbynxYq3eZA Link မှတစ်ဆင့် Google Form တွင် ဖြည့်စွက်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင် ကြောင်း သိရသည်။

သတင်းစဉ်