Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း China-ASEAN Sub-Forum on NEV Industry Cooperation အခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ်ရှန်းကျန်းမြို့၌ ကျင်းပလျက်ရှိသော China- ASEAN Forum on Emerging Industry သို့ တက်ရောက်နေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Parallel Forum ဖြစ်သော China - ASEAN Sub-Forum on NEV Industry Cooperation အခမ်းအနားသို့ တက်ရောက်သည်။

ရှင်းလင်းဆွေးနွေး

ဆွေးနွေးပွဲ၌ တရုတ် - အာဆီယံစက်မှုဝန်ကြီးများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို လိုက်ပါ ဆောင်ရွက်သွားခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွင် လိုအပ်သော ထွန်းသစ်စစက်မှုလုပ်ငန်းများအတွက် အခြေခံကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ကားများတွင် လိုအပ်သော Charging Station များနှင့်ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် အသိပညာမျှဝေခြင်းများနှင့် လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချဖြန့်ဖြူးရာတွင်လည်း ကောင်းမွန်သောဝန်ဆောင်မှုများပေး၍ ဆောင်ရွက်နေကြောင်းနှင့် လျှပ်စစ်ကားများအတွက် လက်ရှိစီမံဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်နည်းပညာနှင့် ပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးကြသည်။

အကျယ်တဝင့် လေ့လာသိရှိခဲ့ရ

အဆိုပါဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာဆီယံနိုင်ငံများ၏ လျှပ်စစ်အသုံးပြုမော်တော်ယာဉ်များ (EV)အတွက် နှစ်ရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်နေမှုအခြေအနေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ တင်ပို့ရောင်းချမှုသည် ကမ္ဘာတွင် ပထမအဖြစ်ရပ်တည်နေမှုအခြေအနေ၊ Charging Station များ တည်ဆောက်မှုနှင့် Charging ဆောင်ရွက်မှုနည်းပညာရပ်များကို အကျယ်တဝင့် လေ့လာသိရှိခဲ့ရကြောင်း သတင်းရရှိသည်။

သတင်းစဉ်