Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ Vice President နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ဇွန် ၃၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ရုရှား- မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ Vice President ဖြစ်သူ Mr. Solonetsky Vitaly နှင့် Secretariat ဖြစ်သူ Mr. Seferov Rusher ၊ Aquarius သတင်း အချက်အလက်နည်းပညာကုမ္ပဏီ၊ ရုရှားနိုင်ငံအခြေစိုက် CMR Bank နှင့် Food Line Trading ကုမ္ပဏီတို့မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေ၊ ရုရှား-မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ရုရှားနိုင်ငံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ ပါဝင်သော ရင်းနှီးကျွမ်းဝင်သည့် ခရီးစဉ် (Familiarization Trip-FAM) ဆောင်ရွက်နေမှုအခြေအနေ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ ငွေကြေးလဲလှယ်မှု၊ ငွေပေးချေမှုနှင့်ဘဏ်လုပ်ငန်းများစသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်