Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်းလစ်စတိုပါဒေါ့ဗ် အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၃၀

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား ယနေ့ မွန်းလွဲ ၁၂နာရီ ခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ အနာဂတ်တွင် ဆက်လက်ဖြစ်ထွန်းစေရေး ကိစ္စများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက ရုရှားသံအမတ်ကြီးအနေဖြင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရေးအတွက် ထူးချွန်ပြောင်မြောက်စွာ ပံ့ပိုးဆောင်ရွက်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။

သတင်းစဉ်