နေပြည်တော် ဇွန် ၂၈
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည်တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr.Nikolay Listopadov အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနဧည့်ခန်းမ၌လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှား-မြန်မာ ကောင်းမွန်သည့် ဆက်ဆံရေးထူထောင်နိုင်မှု၊ ရုရှား-မြန်မာဆက်ဆံရေးကဏ္ဍတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဥပဒေရေးရာဝန်ကြီးဌာန တို့အကြားဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် လက်မှတ်ရေးထိုးခဲ့သည့် စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်နေမှု၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရေး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးအနေဖြင့်လည်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် သင်တန်းကျောင်း ဆိုင်ရာကိစ္စရပ်များနှင့် အကြမ်းဖက်မှုနှိမ်နင်းခြင်းဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာများကိုရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်၊ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာဆွေဆွေအောင်၊ ဒေါက်တာ သီတာစန်းနှင့်ဒေါ်ယုယုခင်တို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်