Skip to main content

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရသူများ စာရင်းထုတ်ပြန်ကြေညာ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  ဝတ္ထုတို၊ ဆောင်းပါး၊  ကဗျာ၊   တေးသီချင်း၊ ဓာတ်ပုံ၊  ကွန်ပျူတာပိုစတာ၊  ပန်းချီ၊  ကာတွန်း၊   ပိုစတာ၊  ကွန်ပျူတာပန်းချီနှင့်   ဆောင်ပုဒ် ပြိုင်ပွဲများအတွက်   ဆုရသူများစာရင်းကို   ယနေ့ထုတ်ပြန်ကြေညာသည်။

ဝတ္ထုတို  ပြိုင်ပွဲတွင်   ဦးစိုးမြင့်(ရဲမင်းစိုး)၏  “သဲလွန်စ၏ နောက်ကွယ်၌”ဝတ္ထုတိုက ပထမ၊  ဗိုလ်ကြီးအောင်မြို့  (အမေ့သား-နတ်မောက်)၏ “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့”ဝတ္ထုတိုက ဒုတိယနှင့်  ဦးဇော်လင်း(လင်းထက်-အင်းတော်ကြီး)၏ “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”ဝတ္ထုတိုက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ်   ဒေါ်မြင့်မြင့်သန်း (မေကျော်-ပြန်/ဆက်)၏ “ငါတို့ရဲ့အနာဂတ်သာယာလှပဖို့၊ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့”၊ ဒေါ်လှနွယ်ကြည်(လွမ်းနိုနို-ဘော်မြေ)၏ “မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ”နှင့် ဒေါ်မိုးမိုးသွင်(ရနံ့ချို-ဟင်္သာတ)၏ “ဆန္ဒနှင့်ဘဝ ထပ်တူမကျသော်လည်း” ဝတ္ထုတိုတို့က ဆုများ ရရှိကြသည်။

ဆောင်းပါး ပြိုင်ပွဲတွင် ဒေါ်ဝတ်ရည်(ဝတ်ရည်ခင်-ပဲခူး)၏ “လုံခြုံ စိတ်ချပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ” ဆောင်းပါးက ပထမ၊   ဦးအောင်စည်သူ (စည်တော်မောင်-မကွေး)၏ “လူသားချင်းစာနာကျန်းမာဖို့   စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” ဆောင်းပါးက ဒုတိယနှင့် ဒေါ်အေးအေးဟန်(ခင်အေးအေးဟန်)၏ “ငါတို့ အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့” ဆောင်းပါးက တတိယ ဆုများရရှိကြပြီး အထူးဆုများအဖြစ် ဒေါ်သဉ္ဇာမိုး(သဉ္ဇာလှိုင်-လားရှိုး) ၏ “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့”၊ ဒေါ်ခင်နှင်းရီ (ခင်နှင်းရည်-ရန်ကုန်တက္ကသိုလ်)၏ “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့”နှင့် ဒေါ်မွှေးနံ့သာ(ဒေါက်တာမွှေးနံ့သာ)၏ “မူးယစ်ဆေးရန်တို့တွန်းလှန် ကြိုးစား တိုက်ဖျက်နိုင်ငံ့အတွက်” ဆောင်းပါးတို့က ဆုများရရှိ ကြသည်။

ကဗျာ ပြိုင်ပွဲတွင် ဦးစိုးမြင့်(ရဲမင်းစိုး)၏ “ရေအဆုံး မြေအဆုံး မိုးအဆုံး” ကဗျာက ပထမ၊ ရဲမှူးကြီးမြင့်ထွန်း(အန်ကယ်ပညာ)၏ “ခေတ်သစ် ပုတ္တောဝါဒဆုံးမစာ” ကဗျာက ဒုတိယနှင့် ဦးသူရစိုး (စစ်သူ)၏ “မူးယစ်ဆေးရန်တို့တွန်းလှန်  ကြိုးစားတိုက်ဖျက်နိုင်ငံ့အတွက်”ကဗျာက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဦးစိုးမြင့်(မောင်သင်းပျံ့-ကျိုက်ထော်)၏ “ကမ္ဘာ့အန္တရာယ်မြန်မာ့ရန်စွယ် ကာကွယ်မနှေးအမျိုးသားရေး”၊ ဦးခင်မောင်မြ(ညောင်ရွှေ-ခင်မောင်မြ)၏ “လက်ယှက်ဝန်းရံ ဇာတိမာန်နှင့် တွန်းလှန်စို့လေးမူးယစ်ဆေး”နှင့် ဦးထွန်းအောင်ကျော်(စွမ်းဝေ-ဇီးကုန်း)၏ “မူးယစ်ကိုပစ် ပန်းတိုင်သစ် အားသစ်မာန်သစ်ကမ္ဘာသစ်” ကဗျာတို့က ဆုများရရှိကြသည်။

တေးသီချင်းပြိုင်ပွဲတွင် ဦးသူရစိုး(စစ်သူ)၏ “ငါတို့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့” တေးသီချင်းက ပထမ၊ ကိုဇော်လင်းသိန်း(ဇော်လင်းသိန်း)၏ “မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်” တေးသီချင်းကဒုတိယနှင့် မသက်ထားဆွေ (နှင်းသက်ထားဆွေ) “မူးယစ်မှန်သမျှ ဆန့်ကျင်ကြ” တေးသီချင်းက တတိယဆုများရရှိကြပြီး အထူးဆုအဖြစ် ဦးချိုမင်းမိုး(ကိုချို) “အတူလက်တွဲမည် ခိုင်ခိုင်မြဲ” တေးသီချင်းတို့က ဆုများရရှိကြသည်။

ဓာတ်ပုံပြိုင်ပွဲတွင် “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှကာကွယ်ကြပါစို့” ခေါင်းစဉ်ဖြင့် ဦးရဲလင်းထွန်း(ရဲလင်းထွန်း)က  ပထမ၊ အေးလွင်ဦး  (လွင်ဦးလွင်-တမာမြေ)က ဒုတိယနှင့် လှိုင်သန်းတင့်(လှိုင်သန်းတင့်၊ ရွှေပန်းချီ-ရမည်းသင်း)က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် အေးလွင်ဦး(လွင်ဦးလွင်-တမာမြေ)၊ ဦးရဲလင်းထွန်း (ရဲလင်းထွန်း)နှင့် ဦးရဲလင်းထွန်း(ရဲလင်းထွန်း)တို့က ဆုများရရှိကြသည်။

ကွန်ပျူတာပိုစတာ ပြိုင်ပွဲတွင် အေးလွင်ဦး(လွင်ဦးလွင်-တမာမြေ)၏ “မျိုးဆက်သစ်များတိုးတက်ဖို့  မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့”က ပထမ၊ ရဲဒုတပ်ကြပ် သက်ဇော်မင်း(သက်ဇော်မင်း)၏ “မူးယစ်ကင်းစင်တို့ပြည်တစ်ခွင်၊ သာယာလှပလူမှုဘဝ”က ဒုတိယနှင့် ဦးကျော်ဆင့်၏ “မူးယစ်ဆေးရန်ဒို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်”က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဒုရဲမှူးသူရ(သူရမိုး)၏ “မူးယစ်ဆေးရန်ဒို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်”၊ မနှင်းဝတ်မှုန်အောင်(ကေသူနှင်း)၏ “မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့” နှင့် ဒေါ်ခင်အိအိသွယ်(အိအိသွယ်)၏ “မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပ လူမှုဘဝ”တို့က ဆုများရရှိသည်။

ပန်းချီမူလတန်းအဆင့်   ပြိုင်ပွဲတွင်  မပန်ဆုပြည့်သျှန် D.H.S ကိုယ်ပိုင်ကျောင်း  မြောက်ဒဂုံက ပထမ၊ မမေမြတ်ပြည့်စုံ အလက(၂)ဘိုကလေးက ဒုတိယနှင့် မိရွှေရည်ဖူးပွင့် အထက(၉)မော်လမြိုင်က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ရဲရင့်မြတ်သူအမက(အောင်သုခ)ကျောက်တန်း၊ မောင်ဟိန်းသူရိန် အမက(မူလွန်-၂၄)မြောက်ဒဂုံနှင့် မဆောင်းလေပြေ အမက(ဂွေးပင်) ကျောက်တန်းတို့က ဆုများရရှိကြသည်။

ပန်းချီအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မဆုမြတ်ရတနာ အထက(၄)အလုံက ပထမ၊ မမြတ်ရွှန်းလဲ့ခိုင် အထက(၁)သန်လျင်က ဒုတိယနှင့် မောင်ဇွဲမြတ်ပိုင်လင်း အလက(၂) ဘိုကလေးက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မမေသူကို အထက(၁)စစ်ကိုင်း၊ မဝင်းလဲ့ရွှေရည်ထွန်း အထက(၁၇) အောင်မြေသာစံနှင့် မဇွန်ပြည့်ပြည့်ထွန်း အထက(၁)ကျောက်တန်းတို့က ဆုများရရှိကြသည်။

ပန်းချီအထက်တန်းအဆင့် ပြိုင်ပွဲတွင် မခြူးကလျာသိုက်ထွန်း ထ(ခွဲ)အလက(၁၀) မြောက်ဥက္ကလာက ပထမ၊ မောင်ဉာဏ်လင်းထွန်း ကောင်းစုစံပညာ့ရိပ်မွန်ကိုယ်ပိုင်ကျောင်း ရွှေပြည်သာက ဒုတိယနှင့် မချစ်ချစ်စုအောင် ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်ကျောင်းရွှေပြည်သာက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ကျော်မျိုး အနုပညာအထက်တန်းကျောင်း အောင်မြေသာစံ၊ မောင်ညိုမြင့်နိုင် အထက(၁၇)လှိုင်သာယာနှင့် မယမင်းအောင် အထက(၁) စစ်ကိုင်းတို့က ဆုများရရှိကြပါသည်။

(ဆက်လက်ဖော်ပြပါမည်)