Skip to main content

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

နေပြည်တော် မေ ၃၁

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိမုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုး ရေယာဉ်တစ်စီးသည် ရေသန့် ၄၀၀ ကဒ်၊ ရိက္ခာထုပ် ၅၀၀ ထုပ်၊ ဒီဇယ် ၉ လုံး၊ ဓာတ်ဆီ ၄ လုံး၊ တာပေါ်လင် ၁၀×၃၀ ချပ် ၁၆၀ ချပ်၊ ပစ္စည်း(၁၄)မျိုးပါ ကော်ပုံး ၂၄ ပုံး၊ ပစ္စည်း(၂)မျိုးပါ ဆာလာအိတ် ၂၄ အိတ်၊ ၂၀ လီတာရေသန့်ဘူး ၂၄ ပုံး၊ ကြိုးခွေ ၁၀ ခွေ၊ 2D ၁၀၄ ဘူး၊ ပေါက်ပြား၊ ပေါက်ချွန်း၊ ချိန်းဇော၊ ရဲဒင်း၊ ဂေါ်ပြား၊ ဓား စသည့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ဆေးပစ္စည်းပုံး ၃ ပုံး၊ drip ဘူးပါဆာလာအိတ် ၂ အိတ်၊ ဆေးပေါင်းစုံဖာ ၁ ဖာ၊ မိုးကာလိတ် ၂၀ လိတ်၊ ဖော့ဘူး ၆၀၀ ဘူး၊ ဆန် ၁၉၁ အိတ်၊ ဝေဖာဘီစကစ် ၁၅ ဖာ၊ သွားတိုက်ဆေး ၉၇ ဖာ၊ ဆီသွပ်ဘူး ၆ ဘူး၊ ကြက်ဥ ၁၀၀၀ လုံး၊ မိုးကာစ ၃ ထုတ်၊ ဖိနပ်အထုပ်ကြီး ၃ ထုပ် စုစုပေါင်းကုန်တန်ချိန် ၃၄ တန်တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ စစ်ရေယာဉ်များမှသယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။