Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်

နေပြည်တော် မေ ၃၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြောက်ဦးတပ်နယ်ခန်းမ၌ ပြုလုပ်ရာကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာကြ သူများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အလားတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမနှင့်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးတို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော်ရထာ ခန်းမ၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိမေဃဝတီခန်းမနှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးတို့၌လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စတီးချိုင့်များထောက်ပံ့ပေးအပ်ခြင်းများကိုပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ထို့နောက် သက်ဆိုင်ရာတိုင်းမှူးများက အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စတီးချိုင့်များထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

၎င်းနောက် တိုင်းမှူးများနှင့်တာဝန်ရှိသူများက အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။