Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း အား UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Alessandra Dentice၊ ဒေသဆိုင်ရာကျန်းမာရေးနှင့် အာဟာရကျွမ်းကျင်ပညာရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် မေ ၂၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် United Nations Children Fund (UNICEF)မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေ ကိုယ်စားလှယ် Ms. Alessandra Dentice၊ ဒေသဆိုင်ရာကျန်းမာရေးနှင့်အာဟာရ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါမုန်တိုင်းသင့်ဒေသများတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများအား UNICEF အဖွဲ့ မှ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ နိုင်ငံတစ်ဝန်းကာကွယ်ဆေး လွှမ်းခြုံမှုတိုးမြှင့်နိုင်ရေး အမီလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများ အပါအဝင် ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် ကျောင်းတွင်း အာဟာရကျွေးမွေးရေးအစီအစဉ်များ အပါအဝင် အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများဆောင် ရွက်နိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် UNICEF တို့အကြား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပိုမိုအားကောင်းစေရေးကိစ္စရပ်များ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်