Skip to main content

လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားပေးစက်ရုံမှူးများ၊ မဟာဓာတ် အားလိုင်းမှူးများ၊ ပင်မဓာတ်အားခွဲမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဧပြီ   ၁၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားပေးစက်ရုံမှူးများ၊ မဟာဓာတ်အားလိုင်းမှူးများ၊ ပင်မဓာတ်အား ခွဲရုံမှူးများ နှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ဓာတ်အားပေး စက်ရုံမှူးများ၊ မဟာဓာတ်အားလိုင်းမှူး များနှင့် ပင်မဓာတ်အားခွဲရုံမှူးများ တက်ရောက်ကြသည်။

လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိအောင် ကြိုးပမ်း

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေး သည်  များစွာအရေးပါသဖြင့်  မိမိတို့နိုင်ငံ၏   လျှပ်စစ်ဓာတ်အား   လိုအပ်ချက်ကို   ဖြည့်ဆည်းပေး နိုင်ရန် အတွက် ရရှိနိုင်သမျှသော  စွမ်းအင်အရင်းအမြစ်မျိုးစုံကို  အသုံးပြု၍   ရင်းနှီးမြှုပ်နှံမှု နည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံး  တိုးတက်ထုတ်လုပ်နိုင်ရေးကို  ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့်    သုံးစွဲမှုမမျှတ နေသည်ကိုလည်း    တတ်နိုင်သမျှ ပြည်သူလူထု၏ လိုအပ်ချက်ကို ထိန်းညှိ၍ ဖြန့်ဖြူးပေးနေရပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ် အားအပြည့်အဝရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

လုံခြုံရေးအထူးဂရုပြုဆောင်ရွက်

ပြီးခဲ့သည့်  ဘဏ္ဍာရေးနှစ်အတွင်း   သက်ဆိုင်ရာ    ဓာတ်အားပေး စက်ရုံမှူး၊ မဟာဓာတ်အား လိုင်းမှူးနှင့် ဓာတ်အားခွဲရုံမှူးများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရသည့် ဓာတ်အား ထုတ်လုပ်ခြင်း၊ ဓာတ်အား ပို့လွှတ်ခြင်း၊  ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင် ခဲ့ကြသည့်အတွက်     နိုင်ငံတော်နှင့်     မိမိတို့ ဝန်ကြီးဌာန အနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါကြောင်း၊ ဆက်လက်၍လည်း ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဓာတ်အား ပျောက်ဆုံးမှု အနည်းဆုံး (Losses)ဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီရောက်ရှိ စေရေး အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ နှင့်  ဓာတ်အားခွဲရုံကြီးများ   မီးဘေး အန္တရာယ် မကျရောက်စေရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ  မပြုလုပ်နိုင်စေရေး  ကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများကို  စီမံဆောင်ရွက်သွားရန်  မိမိတို့ဝန်ကြီးဌာန၏   ရည်မှန်းချက်ဖြစ်သော  တစ်နိုင်ငံလုံး  လျှပ်စစ်ဓာတ်အား  သုံးစွဲနိုင်ရေး ရည်မှန်းချက်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် မိမိတို့ကျရာအခန်းကဏ္ဍများမှ    တက်ညီလက်ညီ   ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန်နှင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ရှင်းလင်းတင်ပြ

ထို့နောက် ဓာတ်အားပေးစက်ရုံမှူးများက ဓာတ်အားပေးစက်ရုံ ဆိုင်ရာ အချက်အလက်များနှင့် မိမိတို့ ဓာတ်အားပေးစက်ရုံများအလိုက်  ဓာတ်အားထုတ်လုပ်ပေးနေမှု၊ မဟာဓာတ်အားလိုင်းမှူးများက မိမိတို့တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ရသည့် ဓာတ်အားလိုင်းများ၏ အခြေအနေနှင့် ဓာတ်အားလိုင်းအပြစ်  ဖြစ်ပေါ်ပါက  ပြုပြင် ဆောင်ရွက်ရမှု၊ ပင်မဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက် များနှင့် ဓာတ်အားလက်ခံပို့လွှတ်  ဖြန့်ဖြူးပေးနေမှုတို့ကို  ရှင်းလင်း တင်ပြကြသည်။

 တင်ပြမှုများအပေါ် ဌာနကြီးမှူးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးတင်ပြသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ညပိုင်းတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်အားလိုင်းများ ပြတ်တောက်ရာတွင် အချိန်နှင့်တစ် ပြေးညီ ပြင်ဆင်ခဲ့သည့် မဟာဓာတ် အားလိုင်းမှူးများနှင့်  ထုတ်လုပ် လျက်ရှိသော  လျှပ်စစ်ဓာတ်အားကို ထိန်းညှိဖြန့်ဖြူးဆောင်ရွက်ပေးခဲ့သည့် ဓာတ်အားပေးစက်ရုံမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများ၊  နေပြည်တော်တွင်   အတာသင်္ကြန်ကာလ အတွင်း ဝန်ကြီးဌာနကိုယ်စားပြု ဖျော်ဖြေပေးခဲ့သည့် သင်္ကြန်ယိမ်းအဖွဲ့တွင် ပါဝင်သော ဝန်ထမ်းများကို ဂုဏ်ပြုသည့်  ညစာစားပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်    ဌာနအကြီး အကဲများသည် အခမ်းအနားသို့ တက်ရောက် လာသည့် ဝန်ထမ်းများနှင့် အတူ ညစာအတူတကွ သုံးဆောင် ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်