Skip to main content

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်

၁။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ယနေ့တွင် ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များအပါအဝင် ပြည်သူများ ရေကစားနေစဉ် နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb တစ်လုံး ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

၂။ ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သောနေရာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့်နေရာသို့ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခြင်းအား မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း