Skip to main content

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးငယ်များ အပါအဝင် ပြည်သူများ ရေကစားနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်လုပ်ရပ်များအား လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)