Skip to main content

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ယိမ်းအကအဖွဲ့၊ Dancer အကအဖွဲ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၁

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာ့ရိုးရာယိမ်းအကအဖွဲ့၊ Dancer အက အဖွဲ့ပြိုင်ပွဲကို ယမန်နေ့ညနေ ၆ နာရီခွဲက နေပြည်တော်ရုံးအမှတ်(၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်း ဦးနှင့်ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင် ယိမ်းအကအဖွဲ့များနှင့် Dancer အကအဖွဲ့များ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရှေးဦးစွာ ဖွင့်လှစ်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး ဦးဆောင်သောအဖွဲ့သည် ယိမ်းအကအဖွဲ့များနှင့် Dancer အကအဖွဲ့များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး ဦးဆောင်၍ တာဝန်ရှိသူများက ပြိုင်ပွဲတွင်ဆုရရှိကြသည့် ယိမ်းအကအဖွဲ့များနှင့် Dancer အကအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာယိမ်းအကအဖွဲ့၊ Dancer အကအဖွဲ့ပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ အမျိုးသမီးယိမ်းအကအဖွဲ့ ၁၂ ဖွဲ့၊ အမျိုးသား Dancer အဖွဲ့ ၁၂ ဖွဲ့ စုစုပေါင်း ၂၄ ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကာ တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ နှင့် မိသားစုဝင်များကလည်း သောင်းသောင်းဖြဖြ ပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်