Skip to main content

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

နေပြည်တော်  မတ်  ၂၂

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့်   ခန်းမအပြင် ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက် စိမ်းအတွဲများကို    စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း (၂၁၅၀)  အနက် ကျောက်စိမ်းအတွဲ အမှတ် (၇၅၁) မှ  (၁၅၀၀) အထိ  အတွဲပေါင်း (၇၅၀) အထိကို  ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ် ဖွင့်တင်ဒါစနစ်ဖြင့်  ရောင်းချပေး ခဲ့ရာ   ကျောက်စိမ်းအတွဲပေါင်း (၅၃၈) တွဲ ရောင်းချနိုင် ခဲ့ကြောင်းကြေညာသည်။

ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း (၂၁၅၀) အနက် ကျောက်စိမ်း အတွဲအမှတ် (၁၅၀၁) မှ (၂၁၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊  ပြည်ပရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး    ဈေးနှုန်းတင်သွင်းလွှာ များကို တင်ဒါပုံးများ အတွင်းသို့ထည့်သွင်းကြသည်။

ကျောက်စိမ်း   အတွဲအမှတ် (၁၅၀၁) မှ (၂၁၅၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင် သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါ ပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ် ၂၃ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့်   ကျောက်စိမ်း အတွဲများကို  ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲ ပေါင်း (၂၉၅) တွဲကို မတ် ၁၈ ရက် မှ ၁၉ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း (၂၉၀) ကို လည်း ကောင်း၊ ကျောက်မျက်အတွဲပေါင်း (၁၂၀) ကို မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း (၇၇) တွဲကို  လည်းကောင်း၊    ကျောက်စိမ်းအတွဲ (၂၁၅၀) အနက် ကျောက်စိမ်းအတွဲ (၁) မှ (၇၅၀) အထိ အတွဲပေါင်း (၇၅၀)  ကို မတ် ၂၁ ရက်တွင် ရောင်းချပေးခဲ့ရာ  ကျောက်စိမ်း အတွဲ (၅၇၆) တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများ ကို ရောင်းချခြင်းဖြင့် ကျောက် မျက်ရတနာ   ရောင်းဝယ်သူများ အတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက် ရတနာ အချောထည်   လုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့်   ကျောက်မျက်ကဏ္ဍမှ လုပ်သားများ အတွက် အလုပ်အကိုင်များ အဆင်ပြေစေ ခြင်း စသည့်အခွင့်အလမ်းများကို လည်း ရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ယခုကျင်းပပြုလုပ် သည့် (၅၈) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုင်ငံ တော်အတွက် နိုင်ငံခြားဝင်ငွေရရှိ ရန်နှင့်   နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှု များ ရရှိနိုင်စေရန်အတွက်   မြန်မာ့ကျောက်မျက်ရတနာပြပွဲ   ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိ ရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။         

 သတင်းစဉ်