Skip to main content

သိုလှောင်ရုံထိန်းသိမ်းခြင်း သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

“စံ” အဖြစ် သတ်မှတ်

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ဖြန့်ဝေခြင်းစသည့် အရေးပေါ်အခြေအနေထောက်ပံ့ပို့ဆောင်ခြင်း လုပ်ငန်းစဉ်သည် ဘေးဖြစ်ပွားနေစဉ်နှင့် ဘေးဖြစ်ပွားပြီးချိန်များတွင် အဓိကဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဘေးသင့်သူများ လက်ဝယ်သို့ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ အမြန်ရောက်ရှိရေးအတွက် သိုလှောင်ရုံ၊ ရုံးနှင့် ဝန်ထမ်း အိမ်ရာများ တစ်စုတစ်စည်းတည်း ရှိစေသည့် ပုံစံကို “စံ” အဖြစ် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ စုစုပေါင်းသိုလှောင်ရုံ ၁၄၁ ရုံ ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

အကျိုးရှိစွာအသုံးချ

သိုလှောင်ရုံများကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းမရှိပါက သိုလှောင်ပစ္စည်းများ ဆုံးရှုံးပြီး နိုင်ငံ့ဘဏ္ဍာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ သိုလှောင် ပစ္စည်းများ လက်ခံ၊ ထိန်းသိမ်း၊ ထုတ်ပေးမှုတွင် လယ်ဂျာမှတ်တမ်း သတ်မှတ်ပုံစံများ၌ စနစ်တကျ မှတ်တမ်းတင်လျက် ရှိသကဲ့သို့ IT နည်းပညာ အသုံးပြုထားသည့် Inventory Management Software ကိုလည်း စတင်အသုံးပြုနေပြီဖြစ်ကြောင်း၊ သင်တန်းမှပို့ချမှုများကို လေ့လာမှတ်သားပြီး အကျိုးရှိ ထိရောက်စွာအသုံးချကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မတ် ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်