Skip to main content

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အထိမ်းအမှတ် Scrabble ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ချီးမြှင့်

နေပြည်တော် မတ် ၁၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် မတ် ၁၁ ရက်မှ ၁၂ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို အောင်မြင်စွာကျင်းပနိုင်ခြင်း အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပသော Scrabble ပြိုင်ပွဲသို့ တက်ရောက်အားပေးကာ ဆုရရှိသူများကို ပြိုင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို ပေးအပ်သည်။

ထို့ပြင် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) သို့ တက်ရောက် ခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အစရှိသည့် အင်အား ၂၂၁ ဦးပါဝင်သော လေ့လာရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်လေ့လာခဲ့ကြသည်။ အဆိုပါ လေ့လာရေးအဖွဲ့ကို ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုကို ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက အလှူငွေများ ပေးအပ်လှူဒါန်းကာ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းကာ ရဋ္ဌနန္ဒက ရတနာဆင်ဖြူတော် အပါအဝင် ဆင်ဖြူတော်များနှင့် အဖော်ဆင်များထံသွားရောက်၍ အစာအာဟာရကျွေးမွေးပြီး လှေခွင်းတောင်ကမ်းခြေ အပန်းဖြေစခန်းသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်