Skip to main content

ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ရေးဆွေးနွေး

နေပြည်တော် ဩဂုတ် ၆

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီသည် မေးခွန်းရှင် ကိုယ်စားလှယ်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ ကျင်းပသော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပေါင်းစပ်အတည်ပြု

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိ ဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် မေးခွန်းရှင် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ အား ကော်မတီအဖွဲ့ဝင်များက မေးမြန်း ဆွေးနွေး၍ ပေါင်းစပ်အတည်ပြု ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့ ကော်မတီအဖွဲ့ ဝင်များ၊ မေးခွန်းရှင်ကိုယ်စားလှယ် များ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်