Skip to main content

မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဩဂုတ် ၆

မြန်မာ့ရုပ်ရှင်ရာပြည့်ကိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀) ကို Emperor တေးဂီတအဖွဲ့နှင့် အခြား တေးဂီတအဖွဲ့များ၊ နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် ဩဂုတ်လ (၇) ရက်၊ သောကြာနေ့မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့ရုပ်မြင်သံကြား (MRTV) ၏ ည (၈)နာရီ သတင်းအစီအစဉ်အပြီးတွင် မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။

ဩဂုတ် (၇) ရက် ဖျော်ဖြေတင်ဆက်မှုတွင် Emperor တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ဟေမာနေဝင်း၊ R ဇာနည်၊ နေမင်းအိမ်၊ မောင်သိန်းဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နှင့် မေလသံစဉ်တို့က ဖျော်ဖြေတင်ဆက် ပေးသွားမည်ဖြစ်ပြီး အဆိုပါတင်ဆက်မှုကို ဩဂုတ် (၉)ရက်၊ တနင်္ဂနွေနေ့နံနက် (၁၀)နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)