Skip to main content

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲများ ပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲတို့ကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တို့၌ အသီးသီးပြုလုပ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ (၂)နှစ်ပြည့် အုပ်ချုပ်မှုကိုထောက်ခံပါသည်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုကြိုဆိုပါသည်၊ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးဒို့အရေး၊ NUG ၊ CRPH ၊ PDF အကြမ်းဖက်သမားများ အလိုမရှိ၊ ပြည်တွင်း၊ ပြည်ပ  အဖျက်သမားမှန်သမျှ ဆန့်ကျင်ကြ၊ ဗုဒ္ဓဘာသာရဟန်းတော်များအား ကာကွယ်ကြ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဒို့အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် တပ်မတော်အားထောက်ခံပါသည်၊ အကြမ်းဖက် PDF အလိုမရှိ၊ NUG ၊ CRPH အကြမ်းဖက်သမားများ အလိုမရှိ၊ NUG ၊ PDF ပြည်သူအပေါ် အကြမ်းဖက်မှုချက်ချင်းရပ်” စသည့် စာသားပါဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်၍ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။