Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ မြို့အသီးသီး၌ ပြည်သူလူထု စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှားလျက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ  

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက် ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုအား အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထုအကြောက်တရားလွှမ်းမိုးစေရန်အတွက် Social Media အပါအဝင် နည်းလမ်းပေါင်းစုံသုံး၍ လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့တာဝန်ယူသည့် နှစ်ပြည့်သည့် ယနေ့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှား ဆောင်ရွက်နိုင်မှုမရှိ စေရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝပျက်စီးစေရေးအတွက် Silent Strike ခေါ် လှုပ်ရှားမှုကို ပြုလုပ်ကြရန် လူမှုကွန်ယက်မှတစ်ဆင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ဖိအားပေး လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ CRPH NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ ယင်းတို့နှင့် ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့သည့်အတွက် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ကျောင်း ကန်များ၊ ဘာသာရေးဆိုင်ရာနေရာများ၍ သက်ဆိုင်ရာဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။ ထို့ပြင် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်း ခရီးစဉ်များ၊ မီးရထား ခရီးစဉ်များ၊ ရေကြောင်း ခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်းသတင်းရရှိသည်။