Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ အုပ်ချုပ်မှု(၂)နှစ်ပြည့် ကြိုဆိုထောက်ခံပွဲ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကြိုဆိုထောက်ခံပွဲနှင့် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်

 

နေပြည်တော် ဖေဖော်ဝါရီ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ အုပ်ချုပ်မှု()နှစ်ပြည့် ကြိုဆိုထောက်ခံပွဲ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကြိုဆိုထောက်ခံပွဲ၊ မြန်မာ့တပ်မတော် အားထောက်ခံပွဲနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချပွဲတို့ကို ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်()မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တို့၌ အသီးသီး ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ()နှစ်ပြည့် အုပ်ချုပ်မှုကိုထောက်ခံပါသည်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ကြိုဆိုပါသည်၊ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး ဒို့အရေး၊ NUG CRPH PDF အကြမ်းဖက်သမားများ အလိုမရှိ၊ ပြည်တွင်း၊ ပြည်ပ အဖျက်သမား မှန်သမျှ ဆန့်ကျင်ကြ၊ ဗုဒ္ဓဘာသာရဟန်းတော်များအား ကာကွယ်ကြ၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒို့အရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် တပ်မတော်အား ထောက်ခံပါသည်၊ အကြမ်းဖက် PDF အလိုမရှိ၊ NUG CRPH အကြမ်းဖက်သမားများ အလိုမရှိ၊ NUG PDF ပြည်သူအပေါ် အကြမ်းဖက်မှုချက်ချင်းရပ်၊ မြန်မာ့ပြည်တွင်းရေးပြည်ပဖြည့်စွက်မှုအလိုမရှိ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ရှုတ်ချပါသည်’’ စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်၍ အေးချမ်းစွာဆန္ဒဖော်ထုတ်ကြပြီး ဟောပြောပွဲများ ပြုလုပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။