Skip to main content

တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယနေ့ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁

တပ်မတော်တွင် ဒုတိယအကြိမ်အသည်းအစားထိုး ခွဲစိတ်ကုသမှုတတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး (ခုတင်၁၀၀၀)ရှိ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်သည်။

ယနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုမှာ ဦးသီဟန်သိန်းနှင့် ၎င်း၏အသည်း အလှူရှင်ဖြစ်သော ဦးသူရတို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီးထုတ်ယူ ရရှိသောအသည်းကို ညနေ နာရီ ၃၀ မိနစ်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အသည်းအစားထိုးခြင်းဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လိုအပ်သောပြုစု ကုသမှုများကို အထူးကြပ်မတ်ကုသခန်း၌ သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဗိုလ်ချုပ်ကိုကိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ယခင်နေ့ရက်များတွင် ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းအလှူရှင် ဦးနှင့် အသည်းလက်ခံလူနာ ဦးတို့မှာလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။