Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာ

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ” ကို ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ နည်းဥပဒေများကို နေ့စဉ်ထုတ်သတင်းစာများတွင် အချပ်ပိုအဖြစ် ထည့်သွင်းဖော်ပြထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် Download ပြုလုပ်၍ ရယူနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်