Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်းလှူဒါန်း ပူဇော်မည်ဖြစ်ပါသဖြင့် သွင်းလှူပူဇော်နိုင်ရေး အသိပေးနှိုးဆော်ခြင်း

နေပြည်တော် ဇန်နဝါရီ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် လှူဒါန်းပူဇော်လိုသည့် (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် အချိန်မီသွင်းလှူပူဇော်နိုင်ရေး အောက်ပါဖုန်း နံပါတ်များသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။

 (က) ဒုတိယဗိုလ်မှူးကြီး အောင်ထက်ဟိန်း ၀၉-၂၀၁၄၄၇၀

 (ခ) ဒုတိယဗိုလ်မှူးကြီး အောင်ကို ၀၉-၂၅၉၀၉၉၈၉၉

 (ဂ) ဗိုလ်မှူးချုပ် ကျော်စိုးဦး ၀၉-၃၉၁၀၀၅၄၇ နေပြည်တော်

 (ဃ) ဗိုလ်မှူးချုပ် မြတ်သူစိုး ၀၉-၃၉၁၀၀၉၃၂ မြစ်ကြီးနား

 (င) ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ၀၉-၃၉၁၀၃၉၇၅ လားရှိုး

 (စ) ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ၀၉-၃၉၁၀၃၂၆၆ တောင်ကြီး

 (ဆ) ဗိုလ်မှူးချုပ် သန်းထွန်းအောင် ၀၉-၃၉၁၀၃၄၈၂ ခိုလမ်

 (ဇ) ဗိုလ်မှူးချုပ် ကျော်ထက် ၀၉-၃၉၁၀၄၀၉၅ ကျိုင်းတုံ

 (ဈ) ဗိုလ်မှူးချုပ် ကျော်သူရအေး ၀၉-၃၉၁၀၁၅၄၁ မော်လမြိုင်

 (ည) ဗိုလ်မှူးချုပ် သစ်လွင်ထူး ၀၉-၃၉၁၀၀၇၈၇ မြိတ်

 (ဋ) ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် ၀၉-၃၉၁၀၃၂၈၃ ရန်ကုန်

 (ဌ) ဦးမင်းမင်းထွန်း ၀၉-၄၂၂၅၁၁၈၈၈ ရန်ကုန်

 (ဍ) ဦးသက်နိုင် ၀၉-၆၉၃၀၁၉၄၉၅ ရန်ကုန်

 ( ဎ ) ဗိုလ်မှူးချုပ် အောင်ခင်ဇော် ၀၉-၃၉၁၀၀၃၄၈ ပုသိမ်

 (ဏ) ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ၀၉-၃၉၁၀၃၂၂၄ အမ်း

 (တ) ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၀၉-၃၉၁၀၀၃၄၅ မုံရွာ

 (ထ) ဗိုလ်မှူးကြီး အောင်လွင် ၀၉-၃၉၁၀၁၇၄၈ မန္တလေး

 (ဒ) ဦးတင်မောင်စိုး ၀၉-၂၅၀၈၆၂၁၅၈ မန္တလေး

 (ဓ) ဦးစိုးဟိန်းနောင် ၀၉-၆၉၅၀၀၈၆၈၀ မန္တလေး

 (န) ဗိုလ်မှူးချုပ် အောင်ခိုင်ချို ၀၉-၃၉၁၀၀၆၃၂ တောင်ငူ