နေပြည်တော် ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီး ဒေသခံတောင်သူများ ပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းများနှင့် မန်ဂျန်ရှားစိုက်ခင်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ အကြောင်းမဲ့မီးရှို့ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက်နံနက် ၁၀ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် လမိုင်းမြို့ဘက်မှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာခဲ့ပြီး ဒေသခံပြည်သူများပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းနှင့် မန်ဂျန်ရှား စိုက်ခင်းများအား ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့ဖျက်ဆီးခဲ့ပြီး စာကလယ်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ဒေသခံတောင်သူများနှင့်အတူ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံ ပြည်သူများပိုင်ဆိုင်သည့် ရော်ဘာ ၄ ဧကနှင့် မန်ဂျန်ရှား ၁ ဧက စုစုပေါင်း ၅ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးခြံများအား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။