နေပြည်တော် ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့တွင် မြောင်းမြ မြို့နယ်စကားမြားကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၉၇ ဦးကို ၎င်းကျေးရွာရှိ မဟာရုံကျောင်းတိုက်၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
စီစဉ်ဆောင်ရွက်ပေး
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၁၉ ဦး၊ ခွဲစိတ်ရောဂါ ၆၉ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၂၈၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၄၉ ဦး၊ မျက်စိရောဂါ ၉၈ ဦးနှင့် သွားရောဂါ ၇၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၄၃ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၈ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် ဓာတ်မှန်ရိုက်လူနာခြောက်ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၇၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၄၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်