နေပြည်တော် ဇန်နဝါရီ ၂၇
လူမှုမီဒီယာ Facebook တွင် MRTV အမည်အသုံးပြုပြီး လွှင့်တင်နေသော Page အတု (၁၇)ခု စိစစ်တွေ့ရှိရသည်။
ယင်း Page အမည်များမှာ MRTV သတင်း၊ MRtv HD Page၊ MRTV News၊ MRtv Page၊ Mrtvသတင်း၊ Mrtv၊ Mr-tv ၊ Mr.TV၊ MRTV Entertainment၊ MRTV(Film/Television)၊ MRTV (Art & Enter-tainment)၊ MRTV (TV Network) ၊ MRTVNews and Entertainment၊ MRTV LIVE ၊ MRTV ၊ MRTV-People Voice ၊ MRTV Real News တို့ဖြစ်ပြီး ၎င်းတို့အနက် စဉ်ဆက်မပြတ်လွှင့်တင်နေသော Page လေးခု၏ Profile ပုံများကို ဖော်ပြထားသည်။
အဆိုပါ Page များတွင် ဆူပူအကြမ်းဖက်မှုနှင့် ပဋိပက္ခသတင်းများ ဦးစားပေးလွှင့်တင်နေပြီး ဖျော်ဖြေရေး၊ ပစ္စည်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထည့်သွင်းထုတ်လွှင့်လျက်ရှိရာ MRTV အမည်နှင့် Logo အား ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲနေသည့် Page အတုများဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်