Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှုသည် (၇၅) နှစ် စိန်ရတုနှစ်ပတ်လည်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံဗလာဒီဗော့စတော့မြို့၌ ပြုလုပ်ခဲ့သည့် အရှေ့ဖျား စီးပွားရေးဖိုရမ်ကာလအတွင်း နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံခဲ့မှုမှတစ်ဆင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ဆောင် ရွက်လျက်ရှိကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြား သည်။

ဆက်လက်၍ နှစ်နိုင်ငံအကြား ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သတင်းစဉ်