Skip to main content

သံအမတ်ကြီး ဦးလွင်ဦး ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်

နေပြည်တော် ဇန်နဝါရီ ၂၆

ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးလွင်ဦးသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အက်စတာနာမြို့ရှိ Presidential Palace “Akorda” ၌ ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကတ်ခ်ဆန် ဂျိုးမာ့တ် တိုးကာရာ့ဖ် ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

သတင်းစဉ်