Skip to main content

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) ဝါးခယ်မမြို့၊ ကနစိုးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၅၁၅ ဦးအား ၎င်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၇၀ ဦး၊ ခွဲစိတ်ရောဂါ ၁၁၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၈၀ ဦး၊ ကလေးရောဂါ ၈၈ ဦး၊ အရိုးရောဂါ ၁၂၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၀၉ ဦး၊ မျက်စိရောဂါ ၃၄၆ ဦးနှင့် သွားရောဂါ ၈၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၅၆ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၃၀ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် ဓာတ်မှန်ရိုက်လူနာ ၃၇ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၀၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၅၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများနှင့် ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့အတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။