Skip to main content

တရားမအထူးအယူခံမှု(၂)မှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၂) မှု ရုံးထိုင်ကြားနာ

နေပြည်တော် ဇန်နဝါရီ ၂၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄၈/၂၀၂၀ (စစ်ကိုင်း)၊ ၄၉/၂၀၂၀ (စစ်ကိုင်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၂)မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင်ရာဇဝတ်အထူး အယူခံမှုအမှတ် ၁၁/၂၀၂၂ (မန္တလေး)နှင့် တရားမအထူးအယူခံမှုအမှတ်၂၈/၂၀၂၀(ရှမ်း)၊ ၁၈/၂၀၂၁(မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု(၁)မှုနှင့် တရားမအထူး အယူခံမှု(၂)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်