Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ အကောက်ခွန်အဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ ယာဉ်ပါ/ကုန်ပါစာရင်းချုပ်တွင် ကြေညာထားခြင်းမရှိသော HighDensity Polyethy-lene ကီလိုဂရမ် ၃၉၈၅၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၁၁၉၆၈၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော မော်တော်ယာဉ်နှစ်စီး၊ နောက်တွဲယာဉ်နှစ်တွဲနှင့် ကုန်သေတ္တာနှစ်လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းအရလည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က တောင်ငူခရိုင်အတွင်း တရားမဝင်သစ်မျိုးစုံ ၀ ဒသမ ၉၆၇၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၁၇၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၂၆၄၈၅၄ ကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇန်နဝါရီ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ သတ်မှတ်ရက်ထက်ကျော်လွန်၍ လာရောက်ထုတ်ယူခြင်းမရှိသော RANCO MECHANICAL THERMOSTATS ၄၀၀၊ SAMSUNG CURVED MONITOR လေးလုံး အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၁၆၈၅၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ အကောက်ခွန်အဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၉ ရက်တွင် မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော မော်တော်ကားအရှေ့လေကာမှန် အချပ် ၉၀ အပါအဝင် ကုန်ပစ္စည်းကိုးမျိုး(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၂၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော DONGFENG အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၁ ရက်တွင် မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တင်သွင်းခွင့်အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Pudding Cabin Table Lamp ငါးခု၊ Nongfu Spring Water ဘူး ၂၀၀ အပါအဝင် ကုန်ပစ္စည်းအမျိုး ၂၀ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၂၅၉၁၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် သော HIGER Bus အမျိုးအစားမော်တော်ယာဉ်တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၉၈၃၁၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘားအံမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ပဲခူးမြို့သို့သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy Soymilk ဖာ ၄၀၊ ၂၆ လက်မ TV နှစ်လုံးအပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၆၈၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်သော Mitsubishi Canter အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀) ကို လည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် White Sugar ကီလိုဂရမ် ၁၅၀၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Hyundai Starex အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀၈၆၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၀ ရက်တွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ TOYOTA WISH အမျိုးအစား မော်တော်ယာဉ်တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၁ ရက်တွင် မုံရွာမြို့ မအူပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan X-Trail အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို လည်းကောင်းစုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၄ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၄၃၉၈၇၀၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်