နေပြည်တော် ဇန်နဝါရီ ၂၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီးရုံး အဆောက်အဦတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ရန်ကုန်တိုင်းရုံး ဖွင့်လှစ်မည့်နေရာကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
စနစ်တကျ ဆောင်ရွက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးသစ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်ဆက်စပ်ပစ္စည်းများရရှိရေး၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေးနှင့် မကြာမီကာလတွင်း ကုန်အမှတ်တံဆိပ်ဥပဒေ အာဏာသက်ဝင်တော့မည်ဖြစ်၍ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရေးကိစ္စရပ်များကို မှာကြားသည်။
သိုလှောင်ရုံများ စစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္လာတောင်ညွန့်မြို့နယ် စက်ဆန်းရှိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် သိုလှောင်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားကြောင်း သိရသည်။
သတင်းစဉ်