Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လဟယ်မြို့နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

လဟယ် ဇန်နဝါရီ ၁၈

သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည်  စစ်ကိုင်း တိုင်းဒေသကြီး  လဟယ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ် မြို့နယ်ရှိ   ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီတွင်  လဟယ်မြို့နယ် ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံး  အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေး လုပ်ငန်းများကို  ဆောင်ရွက်ရန် ဒေသနှင့်ကိုက်ညီသော  စပါး မျိုးကောင်းမျိုးသန့်များ  ရွေးချယ် စိုက်ပျိုးရန်နှင့် တစ်သီးစားမှ  နှစ်သီး စားသို့  ပိုမိုစိုက်ပျိုးရေးအတွက်   နည်းပညာများကို ကျေးလက် ဒေသရှိ တောင်သူများထံ  ဝန်ထမ်းများက ကျယ်ကျယ် ပြန့်ပြန့်    ဟောပြောစည်းရုံး ဆောင်ရွက် သွားရန်နှင့်  နှစ်ရှည်သီးနှံများ  စိုက်ပျိုးရာတွင်လည်း နိုင်ငံတကာ ရောင်းတန်းဝင်သည့် မျိုးကောင်းမျိုး သန့်များကို ရွေးချယ်စိုက်ပျိုးကြရန်၊ ထို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုး ရေးကဏ္ဍအနေဖြင့်  မြစိမ်းရောင် ကျေးရွာ စီမံကိန်းလုပ်ငန်းများ ကို ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း  သိရသည်။

သတင်းစဉ်