လွိုင်ကော် ဇန်နဝါရီ ၁၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ်လွိုင်ကော်မြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေးအလေးထားဆောင်ရွက်ရန် မှာကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအောက်ရှိ ၃၃ ကေဗွီ၊ ဧက ၅၀၀ ဓာတ်အားခွဲရုံ(လွိုင်ကော်)သို့ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာတို့က ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ပင်မထရန် စဖော်မာဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖီဒါအလိုက် Control Panel များရှိမီတာ၊ Relay နှင့် ဆက်စပ်ပစ္စည်းများကို ပုံမှန်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းသွားရန်၊ ဖီဒါများရှိဝန်အားများကို ထိန်းညှိဆောင်ရွက်သွားရန်၊Battery Bank နှင့် Battery ChargerများကိုScheduleအလိုက် စစ်ဆေးထိန်းသိမ်းရန်၊ လုပ်ငန်းစဉ်များကိုချိတ်ဆွဲထားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန်၊ Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်နှင့် ပင်မထရန်စဖော်မာနှင့် Switchgear များကို အမြဲမပြတ် စစ်ဆေးသွားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၁၃၂ ကေဗွီ၊ တပ်ဆင်အင်အား ၁၁၀ အမ်ဗီအေရှိသော လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ခေတ္တခွဲရုံမှူးက ခွဲရုံသို့ဓာတ်အားပို့လွှတ်လိုင်းများနှင့် ခွဲရုံမှဓာတ်အားဖြန့်ဖြူးမှုအခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေသည့် ပင်မဓာတ်အားခွဲရုံဖြစ်သဖြင့် ထရန်စဖော်မာများ၊ Switch gear များကို ပုံမှန်ပြုပြင်ထိန်းသိမ်း၍ ကြံ့ခိုင်မှုကောင်းမွန်စေရေးဆောင်ရွက်ရန်၊ Line Fault နှင့် Line Losses များ လျော့နည်းကျဆင်းရေးဆောင်ရွက်ရန်၊ လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေများချီးမြှင့်သည်။
သတင်းစဉ်