Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၁၆

(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်မိသားစုဝင်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်း ပေးလျက်ရှိသည်။

ထိုသို့ ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာတွင် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီ၀င် ဦးထွန်းမြတ်ကိုယ်စား သမီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းမြင့် အားလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီ၀င် ဦးစိုးမြင့် (ငြိမ်း) ကိုယ်စား သမီးဖြစ်သူ ဒေါ်မြတ်မော်စိုးအားလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီ၀င် ဦးစိုးလှိုင်ကိုယ်စား သားဖြစ်သူဦးမောင်မောင်စိုးအားလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ စာရေးဆရာ ဆရာဇော်ဂျီကိုယ်စား သမီးဖြစ်သူဒေါက်တာခင်မျိုးဟန် အားလည်းကောင်း၊    စည်သူဘွဲ့ရရှိသူ    နိုင်ငံတော်ကောင်စီ၀င် ဦးတင်အောင်ကိုယ်စား သမီးဖြစ်သူ ဒေါ်မာလာအောင်အားလည်းကောင်း၊ သီရီပျံချီဘွဲ့ရရှိသူ စက်မှု၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ် လှမြင့်ဆွေကိုယ်စား ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့်အားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ သတ္တုတွင်း၀န်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး မောင်ချိုကိုယ်စား သမီးဖြစ်သူဒေါ်သီနွယ်ချို အားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ သစ်တောရေးရာဌာန၀န်ကြီး ဦးအောင်ဖုန်းကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်စစ်အေးအားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ပြန်ကြားရေး၀န်ကြီးဌာန ၀န်ကြီး ဦးညိုထွန်း (ငြိမ်း) ကိုယ်စား သားဖြစ်သူဦးစောထွန်းအားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ကျန်းမာရေး၀န်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး ၀င်းမောင် (ငြိမ်း) ကိုယ်စား သမီးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စန်းစန်း၀င်းအားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာဦးတင်မောင်မြင့် အားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ပြည်ထောင်စု၀န်ကြီး ဒေါက်တာအောင်သူအားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ စက်မှုလက်မှုဌာန၀န်ကြီး ဗိုလ် ခင်မောင်ကိုယ်စား သမီးဖြစ်သူ ဒေါ်မြင့်မြင့်အောင် အားလည်းကောင်း၊ သီရီပျံချီဘွဲ့ရရှိသူ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၀န်ကြီး ဦးထွန်း၀င်းကိုယ်စား သမီးဖြစ်သူ ဒေါ်ခင်ကြည် အားလည်းကောင်း၊   သီရိပျံချီဘွဲ့ရရှိသူ၀န်ကြီး ဗိုလ်စိန်မှန်ကိုယ်စား သမီးဖြစ်သူ ဒေါ်ချော အားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ပြည်ထဲရေး၀န်ကြီး  သခင်သာခင်ကိုယ်စား ဇနီးဖြစ်သူ  ဒေါ်မြသန်းတင်  အားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များအား ၎င်းတို့၏ နေအိမ်များသို့သွားရောက်၍ ကာယကံရှင်များနှင့် မိသားစုများထံသို့ လက်ဝယ် အရောက်ချီးမြှင့်အပ်နှင်းသည်။

အလားတူ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁ ဦး၊ ၀ဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (၉)ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ ၆ ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ ၂ ဦးတို့အား ၎င်းတို့၏ နေအိမ်များသို့သွားရောက်၍ ကာယကံရှင်များနှင့် မိသားစုများထံသို့ လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။