Skip to main content

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သဘောထားထုတ်ပြန်ချက်

၁။ ဇန်နဝါရီလ (၁၅) ရက်နေ့၊ နံနက်ပိုင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပနေစဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

၂။ ဒေသခံတိုင်းရင်းသားများ၏ အထိမ်းအမှတ်အခမ်းအနားကို ပျက်စီးစေလိုသော လုပ်ရပ်နှင့်အပြစ်မဲ့ ပြည်သူများအား သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ် အကြမ်းဖက်သည့်လုပ်ရပ်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လက်မခံနိုင်ပါကြောင်းနှင့် ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး