Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက On-site တွေ့ရှိချက်များ၊ AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ Money Changer လိုင်စင်ရဘဏ် မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌက On-site တွေ့ရှိချက်များ၊ AML/CFT ဆိုင်ရာ လုပ်ငန်းများ အလေးထားဆောင်ရွက်နိုင်ရန် Money Changer လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် Money Changer လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံခြားငွေများ လဲလှယ်ရောင်းချရာ၌ AML/CFT ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာ ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ Money Changer လိုင်စင်ရကုမ္ပဏီများသို့ On-Site စစ်ဆေးရာတွင် လိုက်နာဆောင်ရွက်ရန် တွေ့ရှိချက်များနှင့် ပတ်သက်၍လည်းကောင်း၊ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို သိရှိ/ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးနိုင်ရန်အတွက်လည်းကောင်း၊ Money Changer လိုင်စင်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်အသစ်များ ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်းများနှင့်ပတ်သက်သည့် မူဝါဒများသိရှိနိုင်ရန်အတွက်လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြဋ္ဌာန်းချက်များကို သိရှိနားလည်စေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဖွင့်လှစ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရေးသင်တန်း တက်ရောက်ရန် လိုအပ်ကြောင်းကိုလည်းကောင်း ဆွေးနွေးပြောကြား ပြီး Money Changer လိုင်စင်ရကုမ္ပဏီများသည် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်သဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန်အတွက် လှုံ့ဆော်မှုများကို သိရှိပါက သတင်းအချက်အလက်များပေးပို့ရန်နှင့် နိုင်ငံခြားငွေကြေး ဈေးကွက်တည်ငြိမ်စေရေး အတူတကွ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌနှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့က AML/CFT ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အမြဲဆက်သွယ် ဆောင်ရွက်၍လိုအပ်သည့် စာရင်းစစ်အစီရင်ခံစာများကိုလည်း မပျက်မကွက်ပေးပို့ရမည် ဖြစ်ကြောင်း တွေ့ရှိချက်များကို ဆွေးနွေးကြသည်။

ယင်းနောက် Money Changer လိုင်စင်ရ ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများမှ သိရှိလိုသည်များ မေးမြန်းသည့်အပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်