Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ၏ သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၆ ရက်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကျင်းပစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့လူမဆန်စွာ ပြစ်ခတ်ခဲ့ခြင်းကြောင့် လုံခြုံရေးအဖွဲ့ဝင် တစ်ချို့နှင့် ကျောင်းသား ကျောင်းသူ (၆) ဦး၊ အပြစ်မဲ့ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး၊ ပြည်သူ (၁) ဦး သေဆုံးခဲ့ကြောင်း သတင်းများကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိပါသည်။

ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအားပစ်မှတ်ထား လူမဆန်စွာတိုက်ခိုက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)