Skip to main content

တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအား တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးလဲလှယ်ရန် အသိပေးကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ (၃၀-၃-၂၀၂၁)ရက်နေ့တွင် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်၊ အမိန့်အမှတ်(၂/၂၀၂၁)ဖြင့် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား (၁)နှစ်သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။

မှတ်ပုံတင်လက်မှတ်သက်တမ်းကုန်ဆုံးပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်အခန်း(၂)၊ အပိုဒ် ၁၁ နှင့် ၁၂ အရ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ရက်ပေါင်း(၃၀) ကြိုတင်ပြီးသတ်မှတ်ပုံစံနှင့်အတူ မှတ်ပုံတင်ကြေးကျပ် ၅၀၀၀/- (ကျပ် ငါးထောင်တိတိ)ပေးသွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များအတွင်းဖြစ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှတစ်ဆင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း ဆက်သွယ်၍ တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးခြင်းများကို လာရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြောင်း၊ သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်း၊ သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၁-၇၅၃၆၃၆၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။        

ပြန်ကြားရေးဝန်ကြီးဌာန