Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံမီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၃

ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာ အုပ်စု၊ လိပ္ပုတ်ကျေးရွာ အမှတ်(၄)လမ်းမဘေးရှိ Grand Royal အရက်ချက်စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

မီးလောင်မှုအား Level အဆင့် (၃) သတ်မှတ်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ယာဉ်အုပ်စုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ Level 3 ယာဉ်အုပ်စု၊ စုစုပေါင်း မီးသတ်ယာဉ်(၆၀)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၅၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦးတို့ဖြင့် မီးလောင်ကျွမ်းသည့် အရက်ချက်စက်ရုံသို့ရောက်ရှိ မီးငြှိမ်းသတ်လျက်ရှိပါသည်။

မီးလောင်ကျွမ်းမှုကြောင့် စက်ရုံရှိ RF 96% အရက်ဆီဂါလန် (၅၀,၀၀၀) ဆံ့ Tank (၃)လုံး၊ RF 50% အရက်ဆီလီတာ (၂၀,၀၀၀) ဆံ့ Tank (၆) လုံးနှင့် ဂိုဒေါင် (၃) လုံးတို့ မီးလောင်ကျွမ်း လျက်ရှိပြီး မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များက စွမ်းစွမ်းတမံမီးငြှိမ်းသတ် ဆောင်ရွက်လျက်ရှိစဉ် ညနေ ၅ နာရီခွဲအချိန်တွင် အဆိုပါစက်ရုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့တွင် ဒဏ်ရာအချို့ရရှိခဲ့သောကြောင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးဝါးကုသမှုခံယူလျက်ရှိပါသည်။

စက်ရုံမီးလောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စိစစ်တွက်ချက် လျက်ရှိကာ မီးလောင်ကျွမ်းမှုအား အမြန်ဆုံးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက ဆက်လက်ကြိုးပမ်း ငြှိမ်းသတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။