Skip to main content

မာန်အောင်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်နေသည့် ငါးဖမ်းဝါးလတ်လှေ တစ်စီးအား ကူညီကယ်ဆယ်

နေပြည်တော် ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မာန်အောင်မြို့၏  အနောက်ဘက် ရေမိုင် ၂၃ မိုင်ခန့်အကွာ၌ ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်နေကြောင်းသတင်းအရ ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် သွားရောက်ရှာဖွေစိစစ်ခဲ့ရာ ထူးထက်အောင်(၇၂)အမည်ရှိ ငါးဖမ်း ဝါးလတ်လှေ ၁ စီး မီးလောင်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး လှေပေါ်ပါ လှေသား ၁၃ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်၍  လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ မီးလောင်နေသည့် ငါးဖမ်းဝါးလတ်လှေမှ လှေသားများအား ယနေ့တွင် သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။