Skip to main content

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၌ မွေးဖွားခဲ့သည့် ကလေးငယ်များနှင့် မိခင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၇

ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၌ မီးဖွားလူနာ ပြည်သူ ၂၆ ဦး နှင့် တပ်မတော်သားမိသားစုဝင် ၁၄ ဦး၊ စုစုပေါင်း ၄၀ ဦးတို့၏ ကလေးငယ်များကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်ဆေးရုံများ၌ မွေးဖွားခဲ့သည့် ကလေးငယ်များနှင့် မိခင်များအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြလှ တို့က ကလေးငယ်တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။